တရုတ်ပြည်မှ အကောင်အထည်ဖော်မည့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းများကိုဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် မျှမျှတတ ဖြစ်အောင် မဟာဗျူဟာနှင့် နည်းဗျူဟာများချမှတ်ဆောင်ရွက် သွားရန် လိုအပ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) အကောင်အထည် ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ်အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမမှာ ဖေဖော်ဝါရီလ ၁၈ရက်နေ့က ပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။