တရုတ်နိုင်ငံကို နယ်စပ်မှဆန်တင်ပို့မှုပိတ်ထားသဖြင့် ပြည်တွင်း၌ ဆန်ပိုလျှံပြီး စျေးကွက်အေးနေဟုဆို
တရုတ်နိုင်ငံကို နယ်စပ်ကနေတစ်ဆင့် ဆန်တင်ပို့နိုုင်ခြင်းမရှိတဲ့အပြင် အချို့သောနိုင်ငံတွေကိုလည်း G to G အစိုးရ အချင်းချင်း ချိတ်ဆက်မှုမပြေလည်သေးတာကြောင့် ပြည်တွင်းမှာ ဆန်ပိုလျှံပြီး စျေးကွက်အေးနေတယ်လို့ မြန်မာနို်င်ငံ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောကြားပါတယ်။