ယူကရိန်းကို တင့်ကားများထောက်ပံ့ပေးမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဆူနက် ကတိပြု
ယူကရိန်းကို Challenger 2 တင့်ကား ၁၄ စီး ထောက်ပံ့ပေးသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်က ဇန်နဝါရီ ၁၄ ရက်က ကတိပြုခဲ့ပြီး ဗြိတိန်ဟာ တိုက်ပွဲဝင်တင့်ကားတွေ ထောက်ပံ့ပေးဖို့ ကာလကြာရှည်တောင်းဆိုနေတဲ့ ယူကရိန်းကို တင့် ကားတွေ ထောက်ပံ့ပေးတဲ့ ပထမဆုံး အနောက်နိုင်ငံဖြစ်လာခဲ့ပါတယ်။