သထုံမြို့နယ်အတွင်း မြစ်ဖြတ်ပိုက်လိုင်းစီမံကိန်းဆောင်ရွက်နေသည့် အလုပ်သမားများ လက်နက်ငယ်များဖြင့်ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိ
မွန်ပြည်နယ် သထုံမြို့နယ် ကတိုက်ကျေးရွာကွင်းမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ မြစ်ဖြတ်ပိုက်လိုင်းစီမံကိန်း လုပ်ငန်းဆောင်ရွက်နေတဲ့ အလုပ်သမားတွေကို KNU နဲ့ PDF တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့ရဲ့ ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသားခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။