တောင်တရုတ်ပင်လယ် အငြင်းပွားမှုများတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ဆွေးနွေးအဖြေရှာရန် တရုတ်ကို ဖိလစ်ပိုင် အဆိုပြု
ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်မှာ ပဋိပက္ခအသစ်ဖြစ်ပွားမှုမှန်သမျှကို လျင်လျင်မြန်မြန်ဖြေရှင်းရေးအတွက် ဖိလစ်ပိုင်-တရုတ် နိုင်ငံခြားရေးဝန်ကြီးတို့အကြား ဆွေးနွေးမှုတွေပြုလုပ်ဖို့ တရုတ်နိုင်ငံကို အဆိုပြုထားကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက ဇန်နဝါရီ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။