သောင်းနှင့် ချီသည့် အကျဉ်းသားများကို အီရန်အာဏာပိုင်များက ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ဖော်ပြ
အီရန်ရဲ့ ဥသျှောင်ခေါင်းဆောင် အယာ တိုလာ အလီခါမေနီက မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတချို့အပါအဝင် သောင်းနဲ့ ချီတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ နိုင်ငံပိုင် IRNA သတင်းဌာနက ဖေဖော်ဝါရီ ၅ ရက်တွင် ဖော်ပြခဲ့ပါတယ်။