လူထောင်ချီသေဆုံးခဲ့သည့် ငလျင်အတွက် တူရကီနှင့် ဆီးရီးယားထံ သမ္မတရှီကျင်းပင် ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့
လူပေါင်းထောင်ချီ သေဆုံးခဲ့သည့် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုအတွက် တူရကီ နှင့် ဆီးရီးယား ခေါင်းဆောင်တို့ထံ တရုတ် သမ္မတရှီကျင်းပင်က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။