အီရန်တွင် အစ္စလာမ်မစ်တော်လှန်ရေး ၄၄ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ပြုလုပ်
အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ လနဲ့ချီဖြစ်ပွားခဲ့ပြီးနောက် အစ္စလာမ်မစ်တော်လှန်ရေး ၄၄ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၁ ရက်က တီဟီရန်မြို့တော်နဲ့ အခြားမြို့တွေမှာ သောင်းနဲ့ချီတဲ့ပြည်သူတွေ က လမ်းတွေပေါ်မှာ စုရုံးခဲ့ကြပါတယ်။