အိန္ဒိယက တရုတ်အပါအဝင် နိုင်ငံအချို့မှ ခရီးသွားများအတွက် COVID-19 စစ်ဆေးမှုများ ပြန်လည်ရုပ်သိမ်းမည်
အိန္ဒိယက တရုတ်အပါအဝင် နိုင်ငံအချို့မှ ခရီးသွားများအတွက် မထွက်ခွာမီ COVID-19 စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ချက်ကို ပြန်လည်ရုပ်သိမ်းမည်
ကမ္ဘာတစ်ဝန်းလုံးမှာ COVID-19 ကူးစက်မှုသိသိသာသာ ကျဆင်းလာချိန် အိန္ဒိယနိုင်ငံမှာ တရုတ်၊ စင်ကာပူ၊ ဟောင် ကောင်၊ တောင်ကိုရီးယား၊ ထိုင်းနဲ့ ဂျပန်တို့က သို့မဟုတ် အဲဒီကနေတစ်ဆင့်လာရောက်မည့် ခရီးသွားများအတွက် မထွက်ခွာမီ COVID-19 စစ်ဆေးရန်လိုအပ်ချက်ကို ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ရုပ်သိမ်းသွားမယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ကြေညာခဲ့ပါတယ်။