ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ရှုတ်ချမှုသည် မျှတမှုမရှိဟု မြောက်ကိုရီးယား ပြောကြား
ဒုံးကျည်ပစ်လွှတ်မှုများနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ရှုတ်ချမှုသည် မျှတမှုမရှိဟု မြောက်ကိုရီးယား ပြောကြား
မကြာသေးမီက သူတို့ရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုများအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ရှုတ်ချမှုကို မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၂၂ ရက်က ပယ်ချခဲ့ပြီး ဒီရှုတ်ချမှုဟာ မျှတမှုမရှိဘဲ မြောက်ကိုရီးယားရဲ့ မိမိကိုယ်ကိုယ်ကာကွယ်ပိုင်ခွင့်ကို လျစ်လျူရှုရာ ရောက်တယ်လို့ ပြောကြားခဲ့ပါတယ်။









