ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်များအား စစ်အုပ်ချုပ်ရေး ကြေညာ (ရုပ်သံ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက် စွာ ဆောင်ရွက်နိုင်ဖို့အလို့ငှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊တိုင်းမှူးကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်တဲ့ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် အရာတော်မြို့နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာစစ်အုပ်ချုပ်ရေး (Martial Law) အာဏာကိုကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့ပါတယ်။