မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အိမ်ရာစီမံကိန်းအသစ်အတွက် လူငယ်လုပ်သားများကို စုဝေးခေါ်ယူ
မြောက်ကိုရီးယားမှာ စီးပွားရေးအခက်အခဲတွေ ပိုမိုဆိုးရွားနေတဲ့တိုင်အောင် မြို့တော်ပြုံယမ်းမှာ လူနေအိမ်ပေါင်း ၅၀၀၀၀ တည်ဆောက်မယ့်ရည်မှန်းချက်ကြီးတဲ့အစီအစဉ်ကို ခေါင်းဆောင်ကင်ဂျုံအွန်ကတွန်းအားပေးလုပ်ဆောင်နေချိန် ပြုံယမ်း မှာ အဆိုပါအိမ်ရာစီမံကိန်းအသစ်ကို စတင်လုပ်ဆောင်ဖို့ ကင်က လူငယ်လုပ်သားတွေကို စုဝေးခေါ်ယူခဲ့တယ်လို့ နိုင်ငံပိုင်မီဒီ ယာ KCNA သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂၆ ရက်က ဖော်ပြခဲ့ပါတယ်။