ဒုံးလက်နက်စမ်းသပ်မှုများ လုပ်ဆောင်စဉ်အတွင်း ကြားဖြတ်ပစ်ချခြင်းမပြုရန် အမေရိကန်ကို မြောက်ကိုရီးယားသတိပေး
ပစိဖိတ်သမုဒ္ဒရာကိုဖြတ်၍ ဒုံးကျည်စမ်း သပ်မှု လုပ်ဆောင်စဉ်အတွင်း မိမိတို့၏ ဒုံးကျည်များ ကြားဖြတ်ပစ်ချခံရမည်ဆိုလျှင် ယင်းကို ပြတ်ပြတ်သားသား စစ်ကြေညာမှုအဖြစ် သတ်မှတ်ရလိမ့်မည်ဟု မြောက်ကိုရီးယားက မတ်လ ၇ ရက်တွင် သတိပေးခဲ့သည်။