ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများနှင့် ယူကရိန်းအရေးနှင့်ပတ်သက်၍ သမ္မတဘိုင်ဒင်နှင့် ဥရောပသမဂ္ဂအကြီးအကဲတို့ တွေ့ဆုံဆွေးနွေး
ရုရှားနဲ့ ထိပ်တိုက်ရင်ဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးတည်တဲ့ စီးပွားရေးစနစ်အတွက် ငွေကြေးထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီး အတ္တလန်တစ်ဖြတ်ကျော် ကုန်သွယ်ရေးအငြင်းပွားမှုကို ဖြေရှင်း ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ ဥရောပသမဂ္ဂ (အီးယူ) အကြီးအကဲ ဗွန်ဒါလေယန်တို့ဟာ မတ်လ ၁၀ ရက်က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။