အမေရိကန်နှင့် တောင်ကိုရီးယားတို့က အကြီးစားစစ်ရေးလေ့ကျင့်မှုများကို စတင်နေစဉ် မြောက်ကိုရီးယားက ခရုစ်ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်

အမေရိကန်နှင့် တောင်ကိုရီးယားတို့က အကြီးစားစစ်ရေးလေ့ကျင့်မှုများကို စတင်နေစဉ် မြောက်ကိုရီးယားက ခရုစ်ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်
Published 14 March 2023

အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားတို့က ငါးနှစ်အတွင်း ၎င်းတို့ရဲ့အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတွေကို စတင်ခဲ့စဉ် ရေငုပ်သင်္ဘောဆီကနေ မဟာဗျူဟာမြောက်ခရုစ်ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက မတ်လ ၁၃ ရက်က ပြောကြားခဲ့ပါတယ်။