အမေရိကန်ဘဏ်စနစ် စိတ်ချရသည်ဟု သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်ပြည်သူများကို ပြောကြား
စီးပွားရေးအကျပ်အတည်းကူးစက်လာနိုင်သည့်ပူပင်သောကများကြားထဲ နောက်ထပ်အမေရိကန်ဘဏ်များနှင့် ဥရောပဘဏ်များ ပြင်းပြင်းထန်ထန်အရှုံးပေါ်နေချိန် မတ်လ ၁၃ ရက်တွင် သမ္မတဂျိုးဘိုင်ဒင်က နိုင်ငံ၏ဘဏ္ဍာရေးစနစ်ကို အမေရိကန် ပြည်သူများ စိတ်ချလက်ချရှိစေရန်ပြောကြားခဲ့ကြောင်း သိရသည်။









