ယူကရိန်းအတွက် ယူရိုငွေနှစ်ဘီလျံရှိသော လက်နက်ကြီးကျည်ဆန်များ ပံ့ပိုးရေး ဥရောပသမဂ္ဂ(အီးယူ)ဝန်ကြီးများ ဆွေးနွေး
ဥရောပသမဂ္ဂ (အီးယူ) ဝန်ကြီးတွေဟာ ၎င်းတို့ သိုလှောင်ထားတဲ့ ခဲယမ်းတွေထဲကနေ ခဲယမ်းတွေထုတ်ယူဖို့နဲ့ ယူကရိန်းအတွက် အရေးတကြီးလိုအပ်နေတဲ့ အမြောက်ကျည်ဆန်တွေကို ပူးတွဲဝယ်ယူဖို့ ယူရိုသန်း ၂ဝဝဝ ရှိတဲ့ အစီအမံ တစ်ရပ်ကို မတ်လ ၂၀ ရက်မှာ လက်မှတ်ရေးထိုးမယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။