သံဃာဝိနည်းနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင်မှုများကြောင့် ဝေဖန်မှုများဖြစ်ပေါ်ခဲ့သည့် တပ်ကုန်းမြို့နယ်မှ ဆရာတော်အား မြို့နယ်သံဃာ့နာယကအဖွဲ့က ခေါ်ယူသတိပေး
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်၌ ပျံ့နှံလာသည့် ရုပ်သံဖိုင်တစ်ခုတွင် ရွှေထည်ပစ္စည်းများအပါအဝင် ဝိနည်းနှင့် ကိုက်ညီမှုမရှိသော ဝတ်စားဆင်ယင်မှုများလုပ်ဆောင်ခဲ့သည့် ရွှေကိုယ်တော်အမည်ရှိ ဆရာတော်အား တပ်ကုန်းမြို့နယ် သံဃာ့မဟာနာယကအဖွဲ့က ခေါ်ယူ၍ နောက်တွင် ယင်းသို့မဖြစ်စေရန် ဝန်ခံကတိ လက်မှတ်ထိုးခိုင်းထားကြောင်း သိရသည်။