လူဆိုးဂိုဏ်းသားများ ခိုအောင်းနေသည့် ရပ်ကွက်ကို ဘရာဇီးရဲက စီးနင်းသဖြင့် လူ ၁၃ ဦး သေဆုံး
မတ်လ ၂၃ ရက်မှာ ရဲတပ်ဖွဲ့က ရီယိုဒီဂျနေရိုအနီးမှာရှိတဲ့ ဆင်းရဲသားရပ်ကွက်ကို ဝင်ရောက်စီးနင်းရာမှာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးသွားတယ်လို့ ဘရာဇီးသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။