ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လယ်ပိုင်း သတင်း အစီအစဉ်

ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လယ်ပိုင်း သတင်း အစီအစဉ်
Published 22 February 2019

■ ရခိုင်ပြည်နယ်တွင်ရှိနေသည့် ရေမြေသဘာဝ အခြေခံ အခွင့်အလမ်းများကို အသုံးမချနိုင်ခြင်းကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ပြောကြား ■ အမရပူရမြို့နယ်ရှိ ထိုင်းဘုရင်ဟောင်း အထိမ်းအမှတ် ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရန် နှစ်နိုင်ငံအစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပါက စီမံကိန်းလုပ်ငန်းများ စတင်နိုင်ရန် ထောက်ခံပေးမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ပြော ■ မန္တလေးကမ်းနားတွင် မြစ်ရေ အနိမ့်အမြင့် တိုင်းတာသည့် တည့်မှတ်ရေမှတ်တိုင်များ စိုက်ထူထားပြီး ဇလဗေဒ စခန်းရှိသည့် မြို့ ၇၀ ကျော်တွင်လည်း စိုက်ထူသွားမည် ■ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မိခင်သစ်များအတွက် မီးဖွားခွင့်ကို နှစ်ဆတိုးပေး ■ အာစင်ဝင်းဂါးက ချယ်လ်ဆီး နည်းပြရာထူးအတွက် အသင့်တော်ဆုံးသူ ဖြစ်သည်ဟု အာဆင်နယ်ဂိုးသမားဟောင်း ဆီးမန်းပြော အစရှိတဲ့ နောက်ဆုံးရ ပြည်တွင်းပြည်ပနှင့် အားကစားသတင်းများ ပါဝင်မှာ ဖြစ်ပါတယ်။

Most Viewed

Most Recent