သာမန်ပြိုင်ဆိုင်မှုတွေထက် ပိုပြင်းထန်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူး အသင်းတို့ရဲ့ အင်္ဂလန်ဒါဘီ ပွဲစဉ်အကြောင်း "ဒီပွဲက do or die ပဲ နှစ်သင်းလုံးအတွက်က မှားတဲ့အသင်းက ပေးဆပ်ရမှာပဲ။ မန်ယူနိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်တယ်။ မာရှဲယ် ဂိုးသွင်းပြီး ၃-၂ နဲ့ နိုင်သွားမယ်ထင်တယ်။" (မန်ချက်စတာယူနိုက်တက် ပရိသတ်) "ပရီးယားလိဂ်ဖလားရဖို့ ၈၀% မျှော်လင့်ချက်ရှိတယ်။ အရင်ကမန်ယူကို နိုင်ချင်တာထက် အခုဒီပွဲကို ပိုနိုင်ချင်တယ်။ အဝေးကွင်းမှာ သွားကန်ရမှာ ဖြစ်တဲ့အတွက် ၁-၂ လောက်နဲ့နိုင်သွားမယ်ထင်တယ်။" (လီဗာပူးလ် ပရိသတ်) လိဂ်ဖလား ဖိုင်နယ်ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်း နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်အကြောင်း အစရှိတဲ့ ပွဲကောင်းတွေအကြောင်းကို အခုတစ်ပတ်မှာ တင်ဆက်ပေးထားပါတယ်။
Friday Football Feeling (ရုပ်သံအစီအစဉ်)