ယူကရိန်းသည် အမေရိကန်လုပ် တာဝေးပစ်အမြောက်ကို အသုံးပြုနေကြောင်း ရုရှား ပြောကြား
အမေရိကန်က ယူကရိန်းကို ထောက်ပံ့ပေးခဲ့သည့် တာဝေးပစ် ရော့ကတ်တစ်စင်းကို ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားက မတ်လ ၂၈ ရက်တွင် ကြေညာခဲ့ပြီး ယင်းလက်နက်များသည် ရုရှားတပ်ဖွဲ့များကို တန်ပြန်တိုက်ခိုက်မှုတွင် အဓိကကျသည့် လက်နက်များဖြစ်သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။