မက္ကဆီကို ထိန်းသိမ်းရေးစခန်းတွင် မီးလောင်မှုဖြစ်ပွားပြီး ရွှေ့ပြောင်းနေထိုင်သူ ၃၈ ဦး သေဆုံး
အမေရိကန်နယ်စပ်အနီးမှာရှိတဲ့ မက္ကဆီကို လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ ၎င်းတို့ရဲ့ ပြည်နှင်ဒဏ်ကို ဆန့်ကျင်ဆန္ဒပြ နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကစတင်ခဲ့တယ်လို့ယူဆရတဲ့ မီးလောင်မှုကြောင့် လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက မတ်လ ၂၈ ရက်က ပြောကြားခဲ့ပါတယ်။