အီကွေတိုရီရယ်ဂီနီနိုင်ငံတွင် ဖြစ်ပွားနေသည့် မားဘာ့ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကိုးဦးရှိလာပြီး ကူးစက်မှုကျယ်ပြန့်လာမည် ကို စိုးရိမ်နေကြောင်း WHO သတိပေး
အီကွေတိုရီရယ်ဂီနီနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မားဘာ့ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကိုးဦးရှိလာတယ်လို့ မတ်လ ၃၀ ရက်နေ့က အဲဒီနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အမှန်တကယ်သေဆုံးသူ အရေအတွက်ဟာ အဲဒီထက်နှစ်ဆခန့်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။