နိုင်ငံတစ်ဝန်း သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ ကမ္ဘာ့ရှားပါး တောရိုင်းတိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်နိုင်ရန် စီမံချက်များ ချမှတ်ဆောင်ရွက်ရန်အဆို လွှတ်တော်တွင်ဆွေးနွေးမည်
နိုင်ငံတစ်ဝန်း သဘာဝထိန်းသိမ်းရေးနယ်မြေတွေ၊ ကမ္ဘာ့ရှားပါး တောရိုင်းတိရိစ္ဆာန်တွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် စီမံချက်တွေ ချမှတ်ဆောင်ရွက်ပေးဖို့နဲ့ သစ်တောဦးစီးဌာနရှိ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေး ဌာနခွဲကို ဦးစီးဌာနအဖြစ် တိုးချဲ့ဖို့အတွက် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမယ်လို့ သိရပါတယ်။