ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
■ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲချုပ်(KBC)ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို ပုဒ်မသုံးခုဖြင့် မြစ်ကြီးနား အကျဉ်ထောင် အထူးတရားရုံးက ထောင်ဒဏ် ခြောက်နှစ် ချမှတ်
■ မုံရွာမြိုနယ်၊ မြေနဲကျေးရွာ မန္တလေး-မုံရွာကားလမ်းဘေး၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသား နှစ်ဦး ဒဏ်ရာရရှိ
■ မော်လမြိုင်မြို၊ တောင်ဝိုင်းရပ်၊ ရွက်လှလမ်းအတွင်းရှိ အဆောင်တစ်ခုမှ လက်ကိုင်ဖုန်း (၇၈) လုံးနှင့် ငွေကြေးများ ခိုးယူခံခဲ့ရ
■ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ပြီးခဲ့သည့် မတ်လအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံး သူ ၁၁ ဦး နှင့် ဒဏ်ရာရရှိသူ ၆၀ ဦးရှိ
■ မြောက်ကိုရီးယားအလုပ်သမားများကို တားမြစ်ပိတ်ပင်ရန် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား တောင်းဆို
■ ၂၀၂၃ ခုနှစ် မတ်လသည် ပူးတွဲစံချိန်တင်ဒုတိယအပူဆုံးလဖြစ်ခဲ့ပြီး အဆိုပါလတွင် အန်တာတိတ်ရေခဲပြင် ဒုတိယ အနည်းဆုံး ပမာဏဖြင့် ကျုံလာဟု အီးယူရာသီဥတုစောင့်ကြည့်ရေးအေဂျင်စီ ထုတ်ပြန်
■ ဂျော်အိုဖေးလစ်ကို အပြီးသတ် ခေါ်ယူရန် ချယ်လ်ဆီး စီစဉ်