ကိုရီးယားသို့ သွားရောက်ရာတွင် တားမြစ်စားသောက်ကုန်ပစ္စည်းများ သိမ်းဆည်းရမိပါက ပထမအကြိမ် ဝမ် ၁၀ သိန်း ၊ ဒုတိယ အကြိမ် ဝမ် ၃၀ သိန်း ၊ တတိယအကြိမ် ဝမ် ၅၀ သိန်းနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း ပြစ်ဒဏ်များ ချမှတ်ခြင်းခံရမည်
ကိုရီးယားကို သွားရောက်ရာမှာ တားမြစ်စားသောက်ကုန်ပစ္စည်းတွေ သိမ်းဆည်းရမိပါက အဆိုပါပစ္စည်းတွေ သိမ်း ဆည်းခံရမယ့်အပြင် ပထမအကြိမ် ဝမ် ၁၀ သိန်း ၊ ဒုတိယအကြိမ် ဝမ် ၃၀ သိန်း ၊ တတိယအကြိမ် ဝမ် ၅၀ သိန်းနှင့် ပြည်ဝင် ခွင့်ပိတ်ပင်ခြင်းပြစ်ဒဏ်တွေ ချမှတ်ခြင်းခံရမှာဖြစ်ကြောင်း ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ရှိ မြန်မာအလုပ်သမား သံအရာရှိရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။