ရေးမြို့နယ် ဇီးဖြူသောင်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီး အရပ်သားလူငယ်တစ်ဦးနှင့် ပြည်သူ့စစ်နှစ်ဦး သေဆုံးခဲ့
ရေးမြို့နယ် ဇီးဖြူသောင်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရပြီး အရပ်သားလူငယ်တစ်ဦးနှင့် ပြည်သူ့စစ်နှစ်ဦး သေဆုံးခဲ့
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီလ (၁၁) ရက် မွန်းလွဲပိုင်းအချိန်က တိုက်ခိုက်ခံရပြီး အသက် (၁၄) နှစ်အရွယ် အရပ်သားလူငယ်တစ်ဦးနှင့် ပြည်သူ့စစ်နှစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။