ဘက်ခ်မွတ်မြို့၏ နယ်မြေအချို့မှ ယူကရိန်းတပ်များ ဆုတ်ခွာခဲ့ရသည်ဟု ဗြိတိန်ပြောကြား
လွန်ခဲ့သည့်နှစ်ရက်အတွင်း ရုရှားက လက်နက်ကြီး ပစ်အားကို အပြင်းအထန်အသုံးပြု၍ တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်လျက်ရှိရာ ဘက်ခ်မွတ်မြို့၏ နေရာအချို့မှ ယူကရိန်းတပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရသည်ဟု ဗြိတိန်စစ်တပ်က ဧပြီ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။