မဲဆောက်မှ ဘန်ကောက်သို့ သခွားသီးတင် ကားဖြင့်ပုန်းခိုလိုက်လာသူ မြန်မာနိုင်ငံသား ၁၃ ဦး မဲဆောက်အထွက် ပထမစစ်ဆေး ရေးဂိတ်တွင် ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ဘန်ကောက်မြို့ကို သခွားသီးတွေတင်ဆောင်လာတဲ့ သစ်သီးသယ်ယာဉ်အတွင်း ပုန်းခို လိုက်ပါလာသူမြန်မာနိုင်ငံသား ၁၃ ဦးဟာ မဲဆောက်အထွက် ပထမဆုံးစစ်ဆေးရေးဂိတ်မှာ ဧပြီလ ၂၃ ရက်နေ့ နံနက် ၁ နာရီက ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။