ကျိုက်ထီးရိုးတောင်တော်ဝန်းကျင်တွင် အမှိုက်၊ ရေ၊ မိလ္လာကိစ္စများ ညှိနှိုင်းအဖြေရှာခြင်းကို ဆောလျင်စွာ ဆောင်ရွက်သင့်ကြောင်း မွန်ပြည်နယ်လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်း
မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ပတ်ဝန်းကျင် မုဆိုးတောင်၊ ကျီးကန်းပါးစပ်တို့ကို ထိန်းသိမ်းကာကွယ်ရေး၊ မိလ္လာစနစ်၊ ရေဖြန့်ဝေစနစ်၊ အမှိုက်ထိန်းသိမ်းစွန့်ပစ်စနစ်၊ ရသေ့တောင်ကေဘယ်ကားစီမံကိန်းတို့ရဲ့ အားနည်းချက်တွေကို ညှိနှိုင်းအဖြေရှာတာကို ဆောလျင်စွာ ဆောင်ရွက်သင့် ကြောင်း မွန်ပြည်နယ်လွှတ်တော်ကို အစီရင်ခံစာ တင်သွင်း တိုက်တွန်း ခဲ့တယ်လို့ သိရပါတယ်။