အရှေ့အလယ်ပိုင်းဆိုရင် မြန်မာ့ ကမ်းရိုးတန်းနဲ့ နီးနေပြီ။ ကျွန်တော်တို့နိုင်ငံက မုန်တိုင်းရဲ့ လက်ယာဘက်မှာ ရှိတော့ ကျန်တဲ့အပိုင်းတွေထက်စာရင် မုန်တိုင်း သက်ရောက်မှုပိုခံရတယ်။ အဲဒီတော့ လက်ယာဘက်ဖြစ်တဲ့အတွက် ရခိုင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတို့ကတော့ မုန်တိုင်းအရှိန်ကို ခံရမယ်။ အသင့်အတင့်လေပြင်းတိုက်တာခံရနိုင်တယ်။ အဓိကကတော့ မိုးသည်းထန်စွာ ရွာနိုင်တယ်ပေါ့။ ဦးလှထွန်း (ညွှန်ကြားရေးမှူး) မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန