ဘက်ခ်မွတ်မြို့တွင် ဆက်ရှိစေရန်အတွက် မိမိတို့အား ခဲယမ်းကျည်အလုံအလောက် ထောက်ပံ့မည်ဟု ရုရှားက ကတိပြုခဲ့ကြောင်း ဝက်ဂ်နာအုပ်စုပြောကြား (ရုပ်သံ)
ယူကရိန်းအရှေ့ပိုင်း ဘက်ခ်မွတ်မြို့မှာဆက်ရှိစေဖို့အတွက် ၎င်းရဲ့ တိုက်ခိုက်ရေးသမားတွေကို ခဲယမ်းကျည် အလုံ အလောက်ထောက်ပံ့ပေးဖို့ ရုရှားအစိုးရက ကတိပြုခဲ့ကြောင်း ဝက်ဂ်နာကြေးစားစစ်သားအုပ်စုအကြီးအကဲဖြစ်သူက မေ ၇ ရက် က ပြောကြားခဲ့ပါတယ်။