တာချီလိတ်တွင် လူနေအိမ်ပေါ်သို့ မြေထိန်းနံရံ ပြိုကျပြီး အမျိုးသား နှင့် အမျိုးသမီး နှစ်ဦး သေဆုံး
တာချီလိတ်မှာ လူနေအိမ်ပေါ်ကို မြေထိန်းနံရံပြိုကျပြီး အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မေလ ၁၄ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် လူနေအိမ်ပေါ်သို့ ကျောက်ရိုးဖြင့် စီထားသော မြေထိန်းနံရံ ပြိုကျခဲ့ခြင်းဖြစ်သည်။