စလင်းချောင်းရေကြီးမှုကြောင့် ဆင်ဖြူကျွန်းမြို့မှ ပျောက်ဆုံးနေသူ သုံးဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး စလင်းမြို့မှ ပျောက်ဆုံးသူတစ်ဦးအား ရှာဖွေမတွေ့သောကြောင့် ဆွမ်းသွပ်ကုသိုလ်ပြုလုပ်
ဆိုင်ကလုန်းမုန်တိုင်း မိုခါ အရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ မေ ၁၄ ရက်နေ့က မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် စလင်းချောင်းရေကြီးရေလျှံမှုကြောင့် ဆင်ဖြူကျွန်းမြို့မှ ပျောက်ဆုံးနေသူ သုံးဦး၏ ရုပ်အလောင်းများကို မေ ၁၅ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပြီး စလင်းမြို့မှ ပျောက်ဆုံးသူတစ်ဦးအား ရှာဖွေမတွေ့သောကြောင့် ပျောက်ဆုံးသူ၏ မိသားစုဝင်များက မေ ၁၆ ရက် (ယနေ့)နံနက်တွင် ဆွမ်းသွပ်ကုသိုလ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။