Honda(Myanmar) ကုမ္ပဏီလီမိတက်၏ အထပ်သားစက်ရုံ မီးလောင်မှုကြောင့် ဆေးရုံသို့ တင်ပို့ထားသော မီးလောင်ဒဏ်ရာရ အလုပ်သမား ၁၄ ဦးအနက် သေဆုံးသူ ၆ ဦး ရှိလာ
ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညပိုင်းက ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန် ဆိပ်ကမ်းသာလမ်းရှိ Honda (Myanmar) ကုမ္ပဏီလီမိတက် အထပ်သားစက်ရုံ မီးလောင်မှုကြောင့် ဆေးရုံသို့ တင်ပို့ထားတဲ့ မီးလောင်ဒဏ်ရာရ အလုပ်သမား ၁၄ ဦးအနက် သေဆုံးသူ ၆ ဦး အထိရှိလာတယ်လို့ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းက သိရပါတယ်။