ယူကရိန်းအရှေ့ပိုင်းမြို့ ဘတ်မွတ်ကို ရုရှား သိမ်းပိုက်ခြင်းမရှိဟု သမ္မတဗိုလိုဒီမာဇယ်လန်းစကီး ပြောကြား
ရုရှားရဲ့ ဝက်ဂနာကြေးစားစစ်အုပ်စု အကြီးအကဲက ၎င်း၏ တိုက်ခိုက်ရေးသမားတွေက ယူကရိန်းအရှေ့ပိုင်းမြို့ဘတ်မွတ်ကို "နောက်ဆုံးစင်တီမီတာ"အထိ ထိန်းချုပ်လိုက်ပြီလို့ ပြောကြားပေမဲ့လည်း ရုရှားက ဘတ်မွတ်မြို့ကို သိမ်းယူခြင်းမရှိဘူးလို့ ယူကရိန်း သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက မေလ ၂၁ ရက်မှာ ပြောကြားပါတယ်။