ပြန်ပေးဆွဲမှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကင်ဂျုံအွန်နှင့်တွေ့ဆုံရန် ဆန္ဒရှိကြောင်း ဂျပန်ဝန်ကြီးချုပ်ပြောကြား
၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်တွေအတွင်း ပြန်ပေးဆွဲခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေရဲ့အရေးကို ကြိုးစားဖြေရှင်းဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံဖို့ ဆန္ဒရှိနေတယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက မေ ၂၇ ရက်က ပြောကြားခဲ့တယ်လို့ မီဒီယာမှာ ဖော်ပြထားပါတယ်။