ပထဝီဝင်နိုင်ငံရေး တင်းမာမှုမြင့်တက်လာစဉ် တရုတ်က ၎င်း၏နျူကလီးယားလက်နက်တိုက်ကို ချဲ့ထွင်ခဲ့သည်ဟု လေ့လာမှု တစ်ရပ်တွင် ဖော်ပြ
ပထဝီဝင်နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာစဉ် ယမန်နှစ်က အထူးသဖြင့် တရုတ်အပါအဝင် နိုင်ငံအချို့ဟာ နျူကလီး ယား လက်နက်တိုက်ကို ချဲ့ထွင်မှုတွေလုပ်ဆောင်ခဲ့ပြီး အခြားနျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေဟာလည်း ၎င်းတို့ရဲ့ နျူကလီးယားလက်နက်အင်အားကို အဆင့်မြှင့်တင်မှုတွေဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ သုတေသီတွေက ဇွန် ၁၂ ရက်က ပြောကြားခဲ့ပါတယ်။