ဘားအံမြို့နယ် ဇာသပြင်ကျေးရွာရှိ မေတ္တာချောင်းကူးတံတားပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဆက်သွယ်ထားတဲ့ မေတ္တာချောင်းကူး တံတားပေါ်မှာ ဇွန်လ (၁၃) ရက် နံနက် (၈) နာရီခန့်က အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံ တွေထံက သိရပါတယ်။