အိန္ဒိယမြောက်ပိုင်းပြည်နယ်တွင် ပြင်းထန်သောအပူချိန်ကြောင့် အသက် ၆၀ ကျော်အရွယ်များကို အဆောက်အအုံများအတွင်း တွင်သာ နေထိုင်ကြရန် ဆရာဝန်များ အကြံပြု
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်ရဲ့ နေရာအများအပြားမှာ ပြင်းထန်တဲ့အပူချိန်ကြောင့် လွန်ခဲ့တဲ့ နှစ်ရက်အတွင်း လူ ၃၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇွန် ၁၇ က ပြောကြားခဲ့ပြီး နေ့အချိန်အတွင်း အသက် ၆၀ အထက်အရွယ်တွေအနေနဲ့ အဆောက်အအုံတွေအတွင်းမှာသာ နေထိုင်ကြဖို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။