အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တွင် ကျပ်သိန်း ၈၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၅၇ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလို ဖမ်းမိ
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်မှာ ကျပ်သိန်း ၈၃၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၅၇ သိန်းနဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလိုကို ဖမ်းမိခဲ့တယ်လို့ ဇွန် ၁၉ ရက်မှာ CCDAC Myanmar က ထုတ်ပြန် ပါတယ်။