■ ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ဆက်သွယ်ရေးမိုဘိုင်းစခန်းများ ပြတ်တောက်ခဲ့ပြီး ဇွန် ၂၃ ရက်အထိ ၁၂၂၇ ခု ပြုပြင်ပြီးဖြစ်ပြီး ၉၉ ရာခိုင်နှုန်းကျော် အသုံးပြုနိုင်ပြီဖြစ်
■ သထုံမြို၊ နန်းတော်ဦးဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်တစ်ဆောင် မီးလောင်မှုဖြစ်ပွားရာ သံဃာတစ်ပါး ပျံလွန် တော်မူခဲ့
■ ပါလက်စတိုင်းများအပေါ် ဂျူးအခြေချနေထိုင်သူများ၏ တိုက်ခိုက်မှုကို တားဆီးရန်ပျက်ကွက်ခဲ့ကြောင်း အစ္စရေးစစ်တပ် ဝန်ခံ
■ ဆူဒန်တွင် တိုက်ပွဲများရပ်တန့်ရန်နှင့် အရပ်သားများကို ကာကွယ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တိုက်တွန်း
■ တောင်အာရှတွင် မုတ်သုံကာလ ရေလွှမ်းမိုးမှုများကြောင့် လူ ၁၉ ဦးသေဆုံးပြီး လူပေါင်းထောင်ချီ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရ
■ ဆော်ဒီလိဂ်၏ အပြောင်းအရွှေ့များအပေါ် စိုးရိမ်ရကြောင်း ကာရေဂါ သတိပေး ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။