ရေးမြို့နယ် နှစ်ကရင်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးတစ်ဦး အပါအဝင် (၄) ဦး ဒဏ်ရာရရှိခဲ့
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ ဇွန်လ (၂၅) ရက် နံနက် (၁၁) နာရီခွဲကနေ မွန်းလွဲ (၃) နာရီခွဲခန့်အထိ ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ KNU/KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးတစ်ဦးအပါအဝင် (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေရဲ့ ပြော ကြားချက်တွေအရ သိရပါတယ်။