ထိုင်းရွေးကောက်ပွဲကော်မရှင်က ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ခံရရန် ရှေ့ဆုံးမှဦးဆောင်နေသည့် Move Forward ပါတီ ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်ကို လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ရန် အကြုံပြု
ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်အသစ် တစ်ဦးကို မဲပေးရွေးချယ်ခြင်းမပြုမီ တစ်ရက် အလိုဖြစ်သည့် ဇူလိုင် ၁၂ ရက်တွင် ထိုင်းရွေး ကောက်ပွဲ ကော်မရှင်က ဝန်ကြီးချုပ်ရာထူး အတွက် ရွေးကောက်ခံရရန် ရှေ့ဆုံးမှ ဦး ဆောင်နေသည့် Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်ကို မဲဆွယ်စည်းရုံးမှုဆိုင်ရာ စည်းကမ်းများ ချိုးဖောက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ၎င်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဆိုင်းငံ့ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို အကြံပြုခဲ့သည်။