မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးတွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၊ ပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့ရေးကိစ္စများ ဆွေးနွေး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပပြုလုပ်တဲ့ (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနှင့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးကို တက်ရောက်နေတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဟာ ဇူလိုင် ၁၆ ရက်မှာ အိန္ဒိယသမ္မတနိုင်ငံပြည်ပရေးရာဝန်ကြီးဒေါက်တာ အက်စ် ဂျိုင်ရှန်ကာနဲ့ ဒေသစံတော်ချိန် ၁၀ နာရီမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။