သရုပ်ဆောင်မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံးက မူးယစ်ဆေးဝါးပုဒ်မဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ထားခြင်းအပေါ် အယူခံလျှောက်ထားမှုအား ခရိုင်တရားရုံးက ပလပ်
သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံးက မူးယစ်ဆေးဝါးပုဒ်မနဲ့ ထောင်ဒဏ်ငါးနှစ်ချမှတ်ထားတဲ့အပေါ် အယူခံလျှောက်ထားမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက မြို့နယ်တရားရုံးရဲ့ အမိန့်အတည်ဖြစ်ပြီး အယူခံကို ပလပ်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။