လောင်းလုံးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ ဒုဦးစီးမှူးဦးသိန်းဦး သတ်ဖြတ်ခံရ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒုဦးစီးမှူးဖြစ်သူ ဦးသိန်းဦးမှာ ဇူလိုင်လ (၂၁) ရက် ညပိုင်းက သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။