"ပန်းတွေပွင့်ဖို့စောင့်ရချိန်" ဝတ္ထုကိုဖတ်ပြီး မူးယစ်ဆေးသုံးဖို့ လှမ်းနေတဲ့လက်ကို ရပ်တန့်သွားစေမယ်ဆိုရင် ပီတိဖြစ်ရပါပြီဆိုတဲ့ စာရေးဆရာမ ပုညခင်
ကချင်ပြည်နယ်ရဲ့ အလှတွေ၊ ဘဝတွေကို ပုံဖော်ရေးသားထားတဲ့ "ပန်းတွေပွင့်ဖို့စောင့်ရချိန်" ဆိုတဲ့ စာရေးဆရာမ ပုညခင်ရဲ့ လုံးချင်းဝတ္ထုအသစ်ကတော့ နိုဝင်ဘာလကုန်ပိုင်းမှာ ထွက်ရှိလာမှာဖြစ်ပြီး ဒီစာအုပ်ကို ရေးသားခဲ့တဲ့ရည်ရွယ်ချက်ကို ဆရာမ ပုညခင်က အခုလိုပဲ ပြောပြထားပါတယ်။