ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားသို့ တင်ပို့မည့် မြန်မာပို့ကုန်များ အကောက်ခွန် သက်သာ မည့် CO Form RCEP ကို သြဂုတ် ၁ ရက်မှ စတင်လျှောက်ထားနိုင်
ကမ္ဘောဒီးယား၊ထိုင်း၊ဘရူနိုင်း၊လာအို၊စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှားကို တင်ပို့မယ့် မြန်မာ့ထုတ်ကုန်တွေ အကောက်ခွန် သက်သာခွင့်ရရှိမယ့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အရ အကောက်ခွန် သက် သာခွင့်ရရှိမယ့် CO Form RCEP ကို သြဂုတ် ၁ ရက်ကနေ စတင်လျှောက်ထားနိုင်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနကနေ သိရပါတယ်။